21/2/1 (2121) 21st Century Coup. Professional မပီသတဲ့ ထိပ်က ခေါင်းဆောင်တွေကြောင့် တကယ့် အောက်ခြေက တပ်သားတွေ ရာထူး အလယ်အလတ်က သူတွေ ပြည်သူ့ကို အားနာနေမယ် ထင်ပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ သားသမီးတွေကိုလဲ မျက်နှာပူနေတတ်ကြပါစေ (၁)
ဒီလို လိပ်ခဲတည်းလည်း အခြေအနေတွေကလဲ နိုင်ငံရဲ့ ပထဝီဝင် အနေအထားအရ ဘယ်နိုင်ငံတွေကမှ လာရောက်ကယ်တင်ပေးနိုင်မှာလဲ မဟုတ်ပါဘူး အရင်ကလိုပဲ တံခါးပိတ်စနစ်တွေ အရေးယူပိတ်ဆို့မှုတွေနဲ့ နိုင်ငံသားတွေပဲ နောက်ပြန်ဆွဲခံရတာပါ (၂)
တကယ်တော့ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်တွေနဲ့ အတွေးအခေါ်တွေ အသိဉာဏ် နိမ့်ပါးမှုတွေကြောင့် ခုချိန်ထိ ဒါဟာ လုပ်ဆောင်သင့်တယ်/ စစ်အစိုးရတုန်းက ပိုပြီးတော့ နေပျော်တယ်ဆိုတဲ့ အတွေးအခေါ်ရှိသူတွေက ရှိ နေဆဲပါ။ (၃)
၂၀၁၀ ဦးသိန်းစိန်အစိုးရက ပိုမို သာယာ ဝပြောတယ်/၂၀၁၅ သမ္မတတွေဟာ ဘယ်သူတွေမှန်း မသိတော့ဘူး ဆိုတဲ့ ပြောသံတွေ အနီးကပ်ကြားခဲ့ရပါတယ်။ ပြီးတော့ ဆန္ဒပြတာကို လက်ခုပ်တီး အားပေးနေတာကို ဘာကြောင့်လဲ ချစ်လို့ဆိုတဲ့ လူတန်းစားတွေ ဆန္ဒပြတယ်ဆိုပြီး ကွေးနေအောင် ကတာတွေ (၄)
ဒီလိုလူတွေဟာ နိုင်ငံရေး အသိဉာဏ် နိမ့်ပါးတာကို ပြတာပါ။ ရှေ့လျှောက် ဖြစ်လာနိုင်တာတွေက ဟိုးအရင်ကလိုပဲ ခေတ်နောက်ပြန် ပြန်လိမ့်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်ဟာ Professional ပီသဖို့ လိုပါသေးတယ်။ တပ်မတော်ရဲ့ နောက်မျိုးဆက်သစ်တွေဟာလဲ ဒီ နိုင်ငံတော် သစ္စာဖောက်မှုကို အားနာရပါမယ် (၅)
ကိုယ့်ဟာကိုယ် ဆန္ဒပြ/ ကိုယ့်ဟာကိုယ် အာဏာယူတာဟာ နိုင်ငံတော် သစ္စာဖောက်မှုပါပဲ။ ငြိမ်းချမ်းရေး သီချင်းတွေ ဒို့တာဝန်အရေးသုံးပါးဆိုတဲ့ ဝါဒဖြန့်တာတွေနဲ့ ဒီနိုင်ငံဟာ ဆက်လက်လည်ပတ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံက ခေတ်နောက်ပြန်သွားပါလိမ့်ဦးမယ် (၆)